ဖော်ပြပါစည်းကမ်းသတ်မှတ်ချက်များသည် “Road to FIFA World Cup Qatar 2022” Campaign အစီအစဉ်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ ဖြစ်ပါသည်။ ဤစည်းကမ်းသတ်မှတ်ချက်များသည် သင်နှင့် CB Bank အကြားရှိ သဘောတူညီချက် တစ်ရပ်ဖြစ်ပြီး Campaign တွင်ပါဝင်ခြင်းသည် ဖော်ပြပါ စည်းကမ်း သတ်မှတ် ချက်များကို လိုက်နာမည်ဟု သဘောတူခြင်းပင်ဖြစ်သည်။
အဓိပ္ပာယ်ဖွင့်ဆိုချက်များ
- “Special Fixed Deposit” ဆိုသည်မှာ ငွေသားဖြင့် အချိန်ပိုင်းအပ်ငွေကို ရည်ညွှန်းပါသည်။
- “Fixed Deposit” ဆိုသည်မှာ အချိန်ပိုင်းအပ်ငွေကို ရည်ညွှန်းပါသည်။
- “သင်/ Customer” ဆိုသည်မှာ CB Bank ၏ ဝန်ဆောင်မှု တစ်မျိုးမျိုးကို အသုံးပြုနေသူများကို ရည်ညွှန်းပါသည်။
- “ဘဏ်/ ကျွန်ုပ်တို့/ CB Bank” ဆိုသည်မှာ CB Bank PCL ကို ရည်ညွှန်းပါသည်။
- “Campaign/ Road to FIFA World Cup Qatar 2022” ဆိုသည်မှာ ၂၀၂၂ ခုနှစ် ကာတာနိုင်ငံတွင်ပြုလုပ်သွားမည့် FIFA World Cup Qatar 2022 ဆိုင်ရာ CB Bank မှပြုလုပ်သွားမည့် အစီအစဉ်များကို ရည်ညွှန်းပါသည်။
- “သတ်မှတ်ထားသော ကာလ/ Campaign Period” ဆိုသည်မှာ Campaign များတွင် ပါဝင်ဆင်နွှဲနိုင်မည့် ကာလအပိုင်းအခြားကို ရည်ညွှန်းပါသည်။
- “ကံစမ်းခွင့်/ ကံစမ်းခွင့်လက်မှတ်” ဆိုသည်မှာ FIFA World Cup Qatar 2022 နောက်ဆုံးပွဲစဉ်သို့ သွားရောက်ကြည့်ရှုခွင့်ကို ကံစမ်းရန် CB Bank မှပေးအပ်သွားမည့် ကံစမ်းခွင့် Certificate ကို ရည်ညွှန်းပါသည်။
- “Soft Copy” ဆိုသည်မှာ customer ၏ email address သို့ ပေးပို့မည့် ကံစမ်းခွင့် Certificate ကို ရည်ညွှန်းပါသည်။
- “CB VISA Signature Card” ဆိုသည်မှာ CB Bank မှထုတ်ဝေထားသော VISA အမှတ်တံဆိပ်ပါ Signature အဆင့်ရှိ ကြွေးဝယ်ကတ်ကို ရည်ညွှန်းပါသည်။
- “CB VISA Infinite Card” ဆိုသည်မှာ CB Bank မှထုတ်ဝေထားသော VISA အမှတ်တံဆိပ်ပါ Infinite အဆင့်ရှိ ကြွေးဝယ်ကတ်ကို ရည်ညွှန်းပါသည်။
- “ဆုလက်ဆောင်” ဆိုသည်မှာ သတ်မှတ်ထားသော Campaign များတွင်ပါဝင်သည့် အရည်အချင်းပြည့်မီသော Customer များကို ဘဏ်မှ ပေးအပ်သွားမည့် FIFA World Cup Qatar 2022 ဆိုင်ရာ အမှတ်တရလက်ဆောင်များကို ရည်ညွှန်းပါသည်။
- “Delivery Service” ဆိုသည်မှာ ဘဏ်နှင့်ချိတ်ဆက်ထားသော ပစ္စည်းပေးပို့သည့် ဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းပါသည်။
- “CBM Net Transfer” ဆိုသည်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကွန်ယက်စနစ်ကို အသုံးပြုပြီး ဘဏ်တစ်ခု၏ငွေစာရင်းထဲမှ ငွေများကို အခြားဘဏ်တစ်ခု၏ ငွေစာရင်းထဲသို့ ရွေ့ပြောင်းသော လုပ်ငန်းစဉ်ကို ရည်ညွှန်းပါသည်။
Campaign အစီအစဉ်များ
- “Road to FIFA World Cup Qatar 2022” Program 1: Special Fixed Depositor များနှင့် Fixed Depositor များအတွက် FIFA World Cup Qatar 2022 နောက်ဆုံးပွဲစဉ်သို့ သွားရောက်ကြည့်ရှုရန် ကံစမ်းခွင့်။
- “Road to FIFA World Cup Qatar 2022” Program 2: CB VISA Signature နှင့် Infinite Credit ကတ်ကိုင်ဆောင်သူများအတွက် FIFA World Cup Qatar 2022 နောက်ဆုံးပွဲစဉ်သို့ သွားရောက်ကြည့်ရှုရန် ကံစမ်းခွင့်။
- Guess and Win Campaign: FIFA World Cup Qatar 2022 ပွဲစဉ်အဖြေများအား ခန့်မှန်း၍ ဆုလက်ဆောင် ရယူခွင့်။
“Road to FIFA World Cup Qatar 2022” Program 1
- သတ်မှတ်ထားသော Campaign ကာလမှာ ၀၁.၀၆.၂၀၂၂ မှ ၃၁.၁၀.၂၀၂၂ အထိဖြစ်သည်။
- ကမ္ဘာ့ဖလားဘောလုံးပွဲ FIFA World Cup Qatar 2022 နောက်ဆုံးပွဲစဉ်သို့ လူနှစ်ဦးသွားရောက်ကြည့်ရှုခွင့် ဖြစ်သည်။
- ငွေသားကျပ် သိန်းတစ်ထောင် Special Fixed Deposit အပ်နှံမှုတိုင်းအတွက် ကံစမ်းမဲ တစ်စောင်ရရှိမည် ဖြစ်သည်။ငွေကျပ် သိန်းတစ်ထောင်ကိုတစ်ကြိမ်တည်း အပြည့်အဝအပ်နှံမှုများအတွက်သာဖြစ်ပါသည်။
- Special Fixed Deposit နှင့် ၎င်း၏ ဝိသေသများ
- Special Account မှတစ်ဆင့် Special Fixed Deposit အပ်နှံရာတွင်သက်တမ်းကာလ ခြောက်လ အပ်နှံဆောင်ရွက်မှသာ ဤအစီအစဉ်တွင်ဝင်ရောက်ပါဝင်နိုင်မည် ဖြစ်ပါသည်။
- အတိုးနှုန်းသတ်မှတ်ချက်မှာ ငွေသွင်းကာလ(၆)လလျှင် အတိုးနှုန်း (၉.၂၅) ရာခိုင်နှုန်းဖြစ်ပါသည်။
- ငွေသိန်းတစ်ထောင် Special Fixed Deposit Certificate တစ်ခုတိုင်းအတွက် FIFA World Cup Qatar 2022 အမှတ် တရလက်ဆောင် တစ်ခုစီ ပေးအပ်သွားမည်ဖြစ်သည်။
- ငွေသားသိန်းတစ်ထောင်နှင့်အထက် Special Fixed Depositor များအတွက် CB VISA Signature Card များကို လည်းကောင်း၊ သိန်းငါးထောင်နှင့်အထက် အပ်နှံသူများကို CB VISA Infinite Card များကိုလည်းကောင်း ဘဏ်မှ ဆက်သွယ် ပေးအပ်သွားမည်ဖြစ်ပါသည်။
- CB VISA Signature Card နှင့် CB VISA Infinite Card လက်ရှိကိုင်ဆောင်ထားသူများ အသစ်ထပ်မံထုတ်ပေးသွားမည်မဟုတ်ပါ။
- တစ်လအတွင်း CBM Net Transfer ဖြင့် အခြားဘဏ်မှ CB Bankသို့ လွှဲပြောင်းထားသော ငွေသိန်းနှစ်ထောင်ကျပ် Fixed Deposit အပ်နှံမှုတိုင်းအတွက် ကံစမ်းမဲ တစ်စောင်ရရှိမည် ဖြစ်သည်။ (ဥပမာ - ၆.၆.၂၀၂၂ တွင် Fixed Deposit သိန်းနှစ်ထောင်ထားရှိပါက Fixed Depositor ၏ ငွေစာရင်းတွင် ၆.၅.၂၀၂၂ မှ ၅.၆.၂၀၂၂ အတွင်း အခြားဘဏ်မှ CBM Net Transfer ဖြင့် ငွေကျပ်သိန်းနှစ်ထောင် ဝင်ရောက်ထားသည့်စာရင်းရှိရမည်။) ငွေကျပ်သိန်းနှစ်ထောင်ကို တစ်ကြိမ်တည်း အပြည့်အဝအပ်နှံမှုများ အတွက်သာဖြစ်ပါသည်။ Personal Account များအတွက်သာ ဖြစ်ပါသည်။
- CBM Net Transfer Fixed Deposit နှင့် ၎င်း၏ ဝိသေသများ
- စာရင်းသေအပ်ငွေစာရင်းသည် ငွေအပ်နှံထားသည့် သက်တမ်းအပေါ်မူတည်၍အတိုးနှုန်းကို ပိုမိုတွက်ပေးသော ငွေစုဘဏ်စာရင်းဖြစ်ပါသည်။
- Fixed Deposit အပ်နှံရာတွင် သက်တမ်းကာလ ခြောက်လ အပ်နှံဆောင်ရွက်မှသာ ဤအစီအစဉ်တွင် ဝင်ရောက်ပါဝင်နိုင်မည်ဖြစ်ပါသည်။
- အတိုးနှုန်းသတ်မှတ်ချက်မှာ ငွေသွင်းကာလ (၆) လ လျှင် အတိုးနှုန်း ၇.၆၅ ရာခိုင်နှုန်း မှ ၈.၁၅ ရာခိုင်နှုန်း ဖြစ်ပါသည်။
- CBM Net Transfer ငွေသိန်းနှစ်ထောင် Fixed Deposit Certificate တစ်ခုတိုင်းအတွက် FIFA World Cup Qatar 2022 အမှတ်တရလက်ဆောင် တစ်ခုစီ ပေးအပ်သွားမည်ဖြစ်သည်။
- အနည်းဆုံး ၆ လ အပ်နှံရမည်ဖြစ်သည်။ ၆လ ကာလမပြည့်မီ ငွေသားပြန်လည်ထုတ်ယူခြင်းများ အတွက် ပွဲစဉ်သွားရောက်ကြည့်ရှုခွင့် အလိုအလျောက်ပျက်ပြယ် သွားမည်ဖြစ်သည်။
- တစ်လအတွင်း CBM Net Transfer ဖြင့်လွှဲပြောင်းအပ်နှံထားသော Fixed Depositor များအတွက် CB VISA Signature Card ရယူလိုပါက ငွေသိန်းနှစ်ထောင်ကျပ် အနည်းဆုံးအပ်နှံရမည်ဖြစ်ပြီး VISA Infinite Card ရယူလိုပါက ငွေသိန်းတစ်သောင်းကျပ် အနည်းဆုံး ပြောင်းရွေ့အပ်နှံရမည် ဖြစ်သည်။
- အခြားဘဏ်မှ CBM Net ဖြင့်လွှဲပြောင်း သည့် Customer များသာ ပါဝင်နိုင်မည်ဖြစ်ပါသည်။
- CB VISA Signature (သို့) Infinite Card၊ ကံစမ်းခွင့်လက်မှတ်နှင့် FIFA World Cup Qatar 2022 အမှတ်တရ လက်ဆောင်များကို ဘဏ်နှင့်ချိတ်ဆက်ထားသော Delivery Service ထံမှတဆင့် ဘဏ်ဖွင့်ရက် (၁၀) ရက် အတွင်းပေးပို့ သွားမည်ဖြစ်သည်။ Delivery Service ကြောင့်ဖြစ်ပေါ်သော ပျက်စီးဆုံးရှံးမှုများသည် Delivery Service ဖြင့်သာသက်ဆိုင်ပါသည်။
- ကံစမ်းခွင့်လက်မှတ်ကို ငွေသားအပ်နှံချိန်တွင် စာရင်းပေးခဲ့သော email address သို့ soft copy ပို့ပေးမည်ဖြစ်သည်။
- ကံစမ်းခွင့် (သို့မဟုတ်) ဆုလက်ဆောင် အားငွေသားဖြင့် လှဲလှယ်ပေးမည် မဟုတ်ပါ။
- ကံစမ်းခွင့်ကို တစ်ခြားသူထံသို့ လွှဲပြောင်းပေးအပ်၍မရပါ။
- ကံထူးသူကို ဘဏ်မှ ဆက်သွယ်အကြောင်းသွားမည်ဖြစ်သည်။ ဆုလာရောက်ထုတ်ယူရာတွင် ဘဏ်မှပေးပို့ထားသော ကံစမ်းခွင့်လက်မှတ်မူရင်းကို ပြသရမည်။
- ဘဏ်ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များသည် ကံစမ်းခွင့်တွင် ပါဝင်ခွင့်မရှိပါ။
- ကံစမ်းခွင့် Campaignနှင့် ပတ်သက်သည့် အငြင်းပွားမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက CB Bank ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။
“Road to FIFA World Cup Qatar 2022” Program 2
- သတ်မှတ်ထားသော ကာလမှာ ၀၁.၀၆.၂၀၂၂ မှ ၃၁.၁၀.၂၀၂၂ အထိဖြစ်သည်။ ကမ္ဘာ့ဖလားဘောလုံးပွဲ FIFA World Cup Qatar 2022 နောက်ဆုံးပွဲစဉ်သို့ လူနှစ်ဦးသွားရောက်ကြည့်ရှုရန် ကံစမ်းခွင့် တစ်စောင်ရရှိမည်ဖြစ်သည်။
- ဤ Campaign သည် CB Bank မှထုတ်ဝေထားသော CB VISA Signature နှင့် Infinite Credit ကတ်များကို ကိုင်ဆောင်အသုံးပြုနေသူများ အားလုံးအတွက် အကြုံးဝင်ပါသည်။
- CB VISA Signature နှင့် Infinite Credit ကိုင်ဆောင်သူများသည် တစ်လအတွင်း ထိုကတ်များကို အသုံးပြု၍ မြန်မာငွေ ကျပ် သိန်းနှစ်ဆယ်နှင့်အထက် ငွေပေးချေမှုများအတွက် ကံစမ်းခွင့်တစ်စောင် ရရှိမည်ဖြစ်သည်။
- ကံစမ်းခွင့်လက်မှတ်ကို ဘဏ်နှင့်ချိတ်ဆက်ထားသော Delivery Service ထံမှတဆင့် ဘဏ်ဖွင့်ရက် (၁၀) ရက် အတွင်းပေးပို့ သွားမည်ဖြစ်သည်။ Delivery Service ကြောင့်ဖြစ်ပေါ်သော ပျက်စီးဆုံးရှံးမှုများသည် Delivery Service ဖြင့်သာသက်ဆိုင်ပါသည်။
- ကံစမ်းခွင့်လက်မှတ်ကို ငွေသားအပ်နှံချိန်တွင် စာရင်းပေးခဲ့သော email address သို့ soft copy ပို့ပေးမည်ဖြစ်သည်။
- ကံစမ်းခွင့် (သို့မဟုတ်) ဆုလက်ဆောင် အားငွေသားဖြင့် လှဲလှယ်ပေးမည် မဟုတ်ပါ။
- ကံစမ်းခွင့်ကို တစ်ခြားသူထံသို့ လွှဲပြောင်းပေးအပ်၍မရပါ။
- ကံထူးသူကို ဘဏ်မှ ဆက်သွယ်အကြောင်းသွားမည်ဖြစ်သည်။ ဆုလာရောက်ထုတ်ယူရာတွင် ဘဏ်မှပေးပို့ထားသော ကံစမ်းခွင့်လက်မှတ်မူရင်း ကိုပြသရမည်။
- ဘဏ်ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များသည် ပါဝင်ကံစမ်းခွင့်မရှိပါ။
- ကံစမ်းခွင့် Campaignနှင့် ပတ်သက်သည့် အငြင်းပွားမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက CB Bank ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။
Guess and Win Campaign
- သတ်မှတ်ထားသောကာလမှာ ၂၁.၁၁.၂၀၂၂ မှ ၁၈.၁၂.၂၀၂၂ အထိဖြစ်ပါသည်။
- အသေးစိတ်အစီအစဉ်များကို CB Bank မှထပ်မံကြေငြာသွားမည်ဖြစ်ပါသည်။
- ဤ အစီအစဉ်သည် FIFA World Cup Qatar 2022 ပွဲစဉ်နေ့များတွင် အနိုင်ရရှိမည့် ဘောလုံးအသင်းများကို ခန့်မှန်းရမည့် အစီအစဉ်ဖြစ်သည်။
- မှန်ကန်အောင်ခန့်မှန်းနိုင်သူများအတွင်းမှ ပြန်လည်ရွေးချယ်ပြီး ကံထူးသူအား FIFA World Cup Qatar 2022 အမှတ်တရ လက်ဆောင်များ ပေးအပ်သွားမည် ဖြစ်သည်။
- ကံစမ်းခွင့် (သို့မဟုတ်) ဆုလက်ဆောင် အားငွေသားဖြင့် လှဲလှယ်ပေးမည် မဟုတ်ပါ။
- အနိုင်ရရှိသူများအနေဖြင့် အမှတ်တရလက်ဆောင်များ ကို CB Bank ရုံးချုပ် တွင်လာရောက်ထုတ်ယူနိုင်ပါသည်။
- ကံစမ်းခွင့် Campaign နှင့်ပတ်သက်သည့် အငြင်းပွားမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက CB Bank ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။
အထွေထွေစည်းကမ်းချက်များ
- ဆုရရှိသူသည် ဆုထုတ်ယူချိန်တွင် CB Bank သို့ ငွေပေးချေမှု တစ်စုံတစ်ရာ ကျန်ရှိနေသူ မဖြစ်စေရ။
- ကံစမ်းခွင့် Campaign နှင့်ပတ်သက်၍ Customer ၏ ပေါ့ဆမှုကြောင့် ဆုံးရှံးမှု၊ ပျက်စီးခြင်းနှင့် ပျောက်ဆုံးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ဘဏ်အနေဖြင့် မည်သည့်တာ၀န်မျှရှိမည်မဟုတ်ပါ။
- Customer များအနေဖြင့် အထက်ဖော်ပြပါ Campaign နှင့်ပတ်သက်၍ ထိရောက်သောလုပ်ဆောင်မှုများအား ဆောင်ရွက်နိုင်စေရန်အတွက် ၎င်းတို့၏ က်ုယ်ရေးအချက်အလက်များကို third party ထံသို့ ထုတ်ဖော်ပြောကြားမှုများအပါအဝင် အဆိုပါအချက်အလက်များကို လိုအပ်သည့် အတိုင်းအတာတစ်ခုအထိ CB Bank နှင့် ၎င်း၏ ခန့်အပ်ထားသူများမှ အသုံးပြုနိုင်ရန် ခြွင်းချက်မရှိ အပ်နှင်းသဘောတူညီပါသည်။
- Customer များသည် ဆုလာဘ်ဆောင်များရယူနိုင်ရန် အသက် ၁၈နှစ် (သို့) အသက် ၁၈ နှစ်အထက်ဖြစ်ရမည်။
- မြန်မာနိုင်ငံသားများသာ ဝင်ရောက်ပါဝင်နိုင်မည် ဖြစ်သည်။
- CB Bank မှ ဟိုတယ်နှင့် လေယာဉ်ခရီးစဉ်များအတွက် စီစဉ်ပေးသွားမည်ဖြစ်ပြီး ဆုရရှိသူကို အချိန်မီ အကြောင်းကြားပေးမည် ဖြစ်ပါသည်။
- CB Bank သည် Campaign ကာလမတိုင်မီ သို့မဟုတ် ကာလအတွင်းတွင် ဆုလာဘ်ဆောင်များနှင့် Campaign စည်းကမ်း သတ်မှတ်ချက်များကို ပြောင်းလဲပိုင်ခွင့်အပြင် Campaign အား အချိန်မရွေးပြောင်းလဲခြင်း၊ သက်တမ်းတိုးခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်းတို့ကို သုံးစွဲသူများအား ကြိုတင်အသိပေးခြင်းမပြုဘဲ မည်သည့်အချိန်တွင်မဆို ပြောင်းလဲပိုင်ခွင့်ရှိသည်။
- ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အပြင် အခြားသက်ဆိုင် ရာ စည်းမျဥ်းစည်းဥပဒေများနှင့် လိုက်နာရမည့် စည်းမျဥ်းစည်းကမ်းများ/ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။