“Timeless Memories” Olympic Games Paris 2024 Campaign Terms & Conditions

ဖော်ပြပါစည်းကမ်းသတ်မှတ်ချက်များသည် “Timeless Memories” Olympic Games Paris 2024 Campaign အစီအစဉ်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ ဖြစ်ပါသည်။ ဤစည်းကမ်းသတ်မှတ်ချက်များသည် သင်နှင့် CB Bank အကြားရှိ သဘောတူညီချက် တစ်ရပ်ဖြစ်ပြီး Campaign တွင်ပါဝင်ခြင်းသည် ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာမည်ဟု သဘောတူခြင်းပင်ဖြစ်သည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်များ

  • “Special Fixed Deposit (သို့) Fixed Deposit” ဆိုသည်မှာ ငွေသားဖြင့် အချိန်ပိုင်းအပ်ငွေကို ရည်ညွှန်းပါသည်။
  • “သင်/ Customer” ဆိုသည်မှာ CB Bank ၏ ဝန်ဆောင်မှု တစ်မျိုးမျိုးကို အသုံးပြုနေသူများကို ရည်ညွှန်းပါသည်။
  • “ဘဏ်/ ကျွန်ုပ်တို့/ CB Bank” ဆိုသည်မှာ CB Bank PCL ကို ရည်ညွှန်းပါသည်။
  • “Timeless Memories” Olympic Games Paris 2024 ဆိုသည်မှာ CB Bank နှင့် VISA တို့ပူးပေါင်းပြုလုပ်သွားမည့် Campaign အစီအစဉ်များကို ရည်ညွှန်းပါသည်။
  • “သတ်မှတ်ထားသော ကာလ/ Campaign Period” ဆိုသည်မှာ Campaign များတွင် ပါဝင်ဆင်နွှဲနိုင်မည့် ကာလအပိုင်းအခြားကို ရည်ညွှန်းပါသည်။
  • “ကံစမ်းခွင့်/ ကံစမ်းခွင့်လက်မှတ်” ဆိုသည်မှာ ဘဏ်မှပေးအပ်သွားမည့် ဆုများကို ကံစမ်းခွင့် Certificate ကို ရည်ညွှန်းပါသည်။
  • “CB VISA Infinite Card” ဆိုသည်မှာ CB Bank မှထုတ်ဝေထားသော VISA အမှတ်တံဆိပ်ပါ Infinite အဆင့်ရှိ ကြွေးဝယ်ကတ်ကို ရည်ညွှန်းပါသည်။

Campaign အစီအစဉ်များ

  • “Glam & Glamaurous: discover the new you” Program 1: ကျပ်သိန်းတစ်ထောင်နှင့်အထက် Depositor များအတွက် ဘဏ်မှပေးအပ်သွားမည့် ဆုလက်ဆောင်များကို ကံစမ်းခွင့်။
  • “Glam & Glamaurous: discover the new you” Program 2: CB VISA Signature နှင့် Infinite Credit ကတ်ကိုင်ဆောင်သူများအတွက် ဘဏ်မှပေးအပ်သွားမည့် ဆုလက်ဆောင်များကို ကံစမ်းခွင့်။
  • ဆုလက်ဆောင်များ
    • SOlympic Games Paris 2024 အဖွင့်ပွဲစဉ်သို့ သွားရောက်လည်ပတ်ကြည့်ရှုခွင့် (၂) ဆု
    • ရွှေတစ်ကျပ်သားဆု (၂) ဆု

“Timeless Memories” Olympic Games Paris 2024 Program 1

  • သတ်မှတ်ထားသော ကာလမှာ ၀၁.၀၁.၂၀၂၄ မှ ၃၁.၀၅.၂၀၂၄ ဖြစ်ပြီး ဘဏ်မှပေးအပ်သွားမည့် ဆုလက်ဆောင်များကို ကံစမ်းခွင့် လက်မှတ်ရရှိမည်ဖြစ်သည်။
  • ငွေသားကျပ် သိန်းတစ်ထောင် Special Fixed Deposit အပ်နှံမှုတိုင်းအတွက် ကံစမ်းမဲ နှစ်စောင်ရရှိမည်ဖြစ်ပြီး ငွေသားကျပ် သိန်းတစ်ထောင် Fixed Deposit အပ်နှံမှုတိုင်းအတွက် ကံစမ်းမဲ တစ်စောင်ရရှိမည် ဖြစ်သည်။ ငွေကျပ် သိန်းတစ်ထောင်ကို တစ်ကြိမ်တည်း အပြည့်အဝအပ်နှံမှုများအတွက်သာဖြစ်သည်။
  • Special Fixed Deposit နှင့် Fixed Deposit အပ်နှံရာတွင် သက်တမ်းကာလ (၆)လ အပ်နှံဆောင်ရွက်မှသာ ဤအစီအစဉ်တွင် ဝင်ရောက်ပါဝင် နိုင်မည်ဖြစ်သည်။ ၆လ ကာလမပြည့်မီ ပြန်လည်ထုတ်ယူခြင်းများ အတွက်ကံစမ်းခွင့် အလိုအလျောက်ပျက်ပြယ် သွားမည်ဖြစ်သည်။
  • ကျပ်သိန်းတစ်ထောင်နှင့်အထက် Depositor များအတွက် CB VISA Signature (သို့မဟုတ်) CB VISA Infinite Credit Card များကို ဘဏ်မှ ဆက်သွယ် ပေးအပ်သွားမည်ဖြစ်ပါသည်။
  • CB VISA Signature/ CB VISA Infinite Credit Card လက်ဝယ်ကိုင်ဆောင်ထားသူများကို အသစ်ထပ်မံထုတ်ပေးသွားမည်မဟုတ်ပါ။
  • ကံစမ်းခွင့်လက်မှတ်ကို ဘဏ်ဖွင့်ရက် (၁၀) ရက် အတွင်း Depositor ထံသို့ အီးမေးလ်ဖြင့် ပေးပို့ သွားမည်ဖြစ်သည်။
  • ကံစမ်းခွင့် (သို့မဟုတ်) ဆုလက်ဆောင် အားငွေသားဖြင့် လှဲလှယ်ပေးမည် မဟုတ်ပါ။
  • ကံစမ်းခွင့်ကို တစ်ခြားသူထံသို့ လွှဲပြောင်းပေးအပ်၍မရပါ။
  • ကံထူးသူကို ဘဏ်မှ ဆက်သွယ်အကြောင်းသွားမည်ဖြစ်သည်။ ဆုလာရောက်ထုတ်ယူရာတွင် ဘဏ်မှပေးပို့ထားသော ကံစမ်းခွင့်လက်မှတ်မူရင်း ကို ပြသရမည်။
  • BOD၊ Management Committee၊ ဘဏ်ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များသည် ပါဝင်ကံစမ်းခွင့်မရှိပါ။
  • ကံစမ်းခွင့် Campaignနှင့် ပတ်သက်သည့် အငြင်းပွားမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက CB Bank ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။

“Timeless Memories” Olympic Games Paris 2024 Program 2

  • သတ်မှတ်ထားသော ကာလမှာ ၀၁.၀၁.၂၀၂၄ မှ ၃၁.၀၅.၂၀၂၄ ဖြစ်ပြီး ဘဏ်မှပေးအပ်သွားမည့် ဆုလက်ဆောင်များကို ကံစမ်းခွင့် လက်မှတ်ရရှိမည်ဖြစ်သည်။
  • ဤ Campaign သည် CB Bank မှထုတ်ဝေထားသော CB VISA Signature နှင့် CB VISA Infinite Credit ကတ်များကို ကိုင်ဆောင်အသုံးပြုနေသူများ အားလုံးအတွက် အကြုံးဝင်ပါသည်။
  • CB VISA Signature နှင့် CB VISA Infinite Credit ကိုင်ဆောင်သူများသည် တစ်လအတွင်း ထိုကတ်များကို အသုံးပြု၍ မြန်မာငွေ ကျပ် သိန်းနှစ်ဆယ့်ငါးသိန်းနှင့်အထက် ငွေပေးချေမှုများအတွက် ကံစမ်းခွင့်တစ်စောင် ရရှိမည်ဖြစ်သည်။
  • ကံစမ်းခွင့်လက်မှတ်ကို ဘဏ်ဖွင့်ရက် (၁၀) ရက် အတွင်း Cardholder ထံသို့ အီးမေးလ်ဖြင့် ပေးပို့ သွားမည်ဖြစ်သည်။
  • ကံစမ်းခွင့် (သို့မဟုတ်) ဆုလက်ဆောင် အားငွေသားဖြင့် လှဲလှယ်ပေးမည် မဟုတ်ပါ။
  • ကံစမ်းခွင့်ကို တစ်ခြားသူထံသို့ လွှဲပြောင်းပေးအပ်၍မရပါ။
  • ကံထူးသူကို ဘဏ်မှ ဆက်သွယ်အကြောင်းသွားမည်ဖြစ်သည်။ ဆုလာရောက်ထုတ်ယူရာတွင် ဘဏ်မှပေးပို့ထားသော ကံစမ်းခွင့်လက်မှတ်မူရင်း ကို ပြသရမည်။
  • BOD၊ Management Committee၊ ဘဏ်ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များသည် ပါဝင်ကံစမ်းခွင့်မရှိပါ။
  • ကံစမ်းခွင့် Campaignနှင့် ပတ်သက်သည့် အငြင်းပွားမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက CB Bank ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။

အထွေထွေစည်းကမ်းချက်များ

  • ဆုရရှိသူသည် ဆုထုတ်ယူချိန်တွင် CB Bank သို့ ငွေပေးချေမှု တစ်စုံတစ်ရာ ကျန်ရှိနေသူ မဖြစ်စေရ။
  • ကံစမ်းခွင့် Campaign နှင့်ပတ်သက်၍ Customer ၏ ပေါ့ဆမှုကြောင့် ဆုံးရှံးမှု၊ ပျက်စီးခြင်းနှင့် ပျောက်ဆုံးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ဘဏ်အနေဖြင့် မည်သည့်တာ၀န်မျှရှိမည်မဟုတ်ပါ။
  • Customer များအနေဖြင့် အထက်ဖော်ပြပါ Campaign နှင့်ပတ်သက်၍ ထိရောက်သောလုပ်ဆောင်မှုများအား ဆောင်ရွက်နိုင်စေရန်အတွက် ၎င်းတို့၏ က်ုယ်ရေးအချက်အလက်များကို third party ထံသို့ ထုတ်ဖော်ပြောကြားမှုများအပါအဝင် အဆိုပါအချက်အလက်များကို လိုအပ်သည့် အတိုင်းအတာတစ်ခုအထိ CB Bank နှင့် ၎င်း၏ ခန့်အပ်ထားသူများမှ အသုံးပြုနိုင်ရန် ခြွင်းချက်မရှိ အပ်နှင်းသဘောတူညီသည်။
  • Customer များသည် ဆုလာဘ်ဆောင်များရယူနိုင်ရန် အသက် ၁၈နှစ် (သို့) အသက် ၁၈ နှစ်အထက်ဖြစ်ရမည်။
  • CB Bank မှ ဟိုတယ်နှင့် လေယာဉ်ခရီးစဉ်များအတွက် စီစဉ်ပေးသွားမည်ဖြစ်ပြီး ဆုရရှိသူကို အချိန်မီ အကြောင်းကြားပေးမည် ဖြစ်သည်။
  • Customer သည် နိုင်ငံကူးလက်မှတ်ကို လက်ဝယ်ရှိထားရမည် ဖြစ်ပြီး ဇူလိုင်လ ၂၀၂၄ တွင်(၆) လ သက်တမ်းထက်ပိုသော ကုန်ဆုံးရက်ရှိသည့် နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားသူဖြစ်ရမည်။
  • ဆုရရှိသူ Customer များသည်လိုအပ်သောဗီဇာလျှောက်ထားမှုများကိုပြုလုပ်ရန်တာဝန်ရှိသည်။
  • ဆုရရှိသူအနေဖြင့် Passport သက်တမ်းမလုံလောက်ခြင်းကဲ့သို့သော မိမိ၏ Personal အကြောင်းတစ်စုံတစ်ရာကြောင့် ခရီးစဉ်တွင် မလိုက်နိုင်ပါ Customer ၏ တာဝန်သာဖြစ်ပါသည်။
  • CB Bank သည် Campaign ကာလမတိုင်မီ (သို့မဟုတ်) ကာလအတွင်းတွင် ဆုလာဘ်ဆောင်များနှင့် Campaign စည်းကမ်း သတ်မှတ်ချက်များကို ပြောင်းလဲပိုင်ခွင့်အပြင် Campaign အား အချိန်မရွေးပြောင်းလဲခြင်း၊ သက်တမ်းတိုးခြင်း (သို့မဟုတ်) ရပ်ဆိုင်းခြင်းတို့ကို သုံးစွဲသူများ အား ကြိုတင်အသိပေးခြင်းမပြုဘဲ မည်သည့်အချိန်တွင်မဆို ပြောင်းလဲပိုင်ခွင့်ရှိသည်။
  • ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အပြင် အခြားသက်ဆိုင် ရာ စည်းမျဥ်းစည်းဥပ‌‌‌‌‌ဒေများနှင့် လိုက်နာရမည့် စည်းမျဥ်းစည်းကမ်းများ/ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။
  • ဤ Terms & Conditions သည် မြန်မာနိုင်ငံ၏ဥပဒေများနှင့်အညီ ချုပ်ဆိုခြင်းဖြစ်ပြီး အငြင်းပွားမှုများ ပေါ်ပေါက်လာပါက မြန်မာနိုင်ငံ၏ ဥပဒေနှင့်သာ သက်ဆိုင်မည်ဖြစ်ပါသည်။


Go Back Home